top of page
Search

လတ်တလောအဖြစ်များနေသောကူးစက်ရောဂါ(သို့မဟုတ်)အစာအိမ်တုပ်ကွေးNorovirusအကြောင်း

ree

လတ်တလော အဖြစ်များလာတဲ့ Norovirusကူးစက်ရောဂါ သို့မဟုတ် အစာအိမ်တုပ်ကွေး နိုရိုဗိုင်းရပ်စ် ဆိုတာဘာလဲ....?


နိုရိုဗိုင်းရပ်စ်(Norovirus)သည် အလွန်လွယ်ကူစွာ ကူးစက်နိုင်သော ဗိုင်းရပ်စ် တစ်မျိုးဖြစ်ပြီး ရုတ်တရက် ‌ပျို့အန်ခြင်းနှင့်ဝမ်းပျက်ဝမ်းလျော ဗိုက်အောင်ခြင်း ဖျားခြင်း ခေါင်းကိုက်ခြင်းနဲ့က်ိုယ်လက်ကိုက်ခဲခြင်းအစရှိသဖြင့်လက္ခဏာများဖြစ်ပေါ်စေပါသည်။ ဤဗိုင်းရပ်စ်သည် လူများကြားတွင် မသန့်ရှင်းသော အစားအသောက် ရေသန့်မဟုတ်သောရေ(သို့)ညစ်ညမ်းသောပတ်ဝန်းကျင်မှတစ်ဆင့်ကူးစက်နိုင်ပါသည်။


ပျို့အန်ခြင်း

ဗိုင်းရပ်စ်ပိုးဝင်ပြီးတာနဲ့ ပျို့အန်တာက အဖြစ်များဆုံးပါ။


ဝမ်းလျှောခြင်း

ဝမ်းအရည်တွေ မကြာခဏ သွားတာ ဖြစ်နိုင်ပါတယ်။


ဗိုက်အောင့်ခြင်း

ဗိုက်ထဲမှာ မအီမသာဖြစ်ပြီး နာကျင်နိုင်ပါတယ်။


ဖျားခြင်း

အဖျားအနည်းငယ်ရှိနိုင်ပါတယ်။


ခေါင်းကိုက်ခြင်းနဲ့ ကိုယ်လက်ကိုက်ခဲခြင်း

ခေါင်းကိုက်ပြီး ကိုယ်လက်တွေ မအီမသာ ဖြစ်နိုင်ပါတယ်။


များသောအားဖြင့် ဒီရောဂါဟာ ရက်အနည်းငယ်အတွင်း သက်သာသွားတတ်ပါတယ်။ ဒါပေမယ့် အားနည်းတဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေမှာဆိုရင် ရေဓာတ်ခန်းခြောက်ပြီး ဆေးရုံတက်ရတဲ့အထိ ဖြစ်တတ်ပါတယ်။


ဘယ်လိုကာကွယ်နိုင်မလဲ


နိုရိုဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်ဖို့အတွက် အရေးကြီးတဲ့ နည်းလမ်းတွေကတော့-


လက်ကို စနစ်တကျဆေးကြောပါ

အစာမစားခင်၊ အိမ်သာသုံးပြီးတိုင်း၊ ပြီးတော့ မျက်နှာကို မကိုင်ခင်မှာ လက်ကို ဆပ်ပြာနဲ့ ရေကိုသုံးပြီး အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် ဆေးကြောပါ။


အစားအသောက်ကို ဂရုစိုက်ပါ

အစားအစာကို ကောင်းကောင်း ချက်ပြုတ်ပြီးမှ စားပါ။ အသီးအရွက်နဲ့ သစ်သီးဝလံတွေကို မစားခင်မှာ သေချာဆေးကြောပါ။ ရေကိုလည်း သန့်ရှင်းအောင်ထားပြီး သောက်သုံးပါ။


သန့်ရှင်းရေးလုပ်ပါ

အိမ်သာ၊ မီးဖိုချောင်စတဲ့နေရာတွေကို ပုံမှန်သန့်ရှင်းပေးပါ။ ပိုးသတ်ဆေးသုံးပြီး မျက်နှာပြင်တွေကို ပိုးသတ်ပေးပါ။


နေမကောင်းတဲ့အခါ အိမ်မှာပဲနားနေပါ

ဖျားနာနေချိန်မှာ အခြားသူတွေကို မကူးစက်အောင် အိမ်မှာပဲနားပြီး မလိုအပ်ဘဲ လူစုလူဝေးကို ရှောင်ကြဉ်ပါ။


ဘယ်လိုကုသနိုင်မလဲ


နိုရိုဗိုင်းရပ်စ်ကို တိကျတဲ့ ကုသဆေးမရှိပါဘူး။ များသောအားဖြင့် ရောဂါလက္ခဏာတွေ သက်သာဖို့ပဲ အဓိကထားပြီး ကုသကြပါတယ်။


ရေဓာတ်ဖြည့်တင်းပါ

ရေများများသောက်ပေးခြင်းဖြင့် ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်ပေးပါ။ အားကစားသမားတွေ သောက်တဲ့ အချိုရည် ဒါမှမဟုတ် ဓာတ်ဆားရည်တွေကို သောက်သုံးပါ။


အနားယူပါ

ကိုယ်ခန္ဓာက ဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်အောင် လုံလောက်တဲ့ အနားယူချိန်ကို ပေးပါ။


အစာကို ဆင်ခြင်ပါ

ဝမ်းပျက်ဝမ်းလျှောနေတဲ့အချိန်မှာ အဆီများတဲ့ အစာနဲ့ အစပ်များတဲ့ အစာတွေကို ရှောင်ပါ။


ဒီလို နိုရိုဗိုင်းရပ်စ်အကြောင်းနဲ့ ပတ်သက်လို့ ဗဟုသုတ ရရှိကြမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာကြပါစေ။

နိုရိုဗိုင်းရပ်စ်#ကျန်းမာရေးအကြောင်းသိကောင်းစရာ#

 
 
 

Comments


Monday -  Friday     8:00 am - 8:00 pm
Saturday                   9:00 am - 7:00 pm
Sunday                      Closed

  • w-facebook

© 2022 Life Myanmar.

+95 9 963 282 425

LIfe Myanamr

bottom of page