top of page
Search

ခြေစွယ် လက်စွယ် ငုပ်ခြင်း အကြောင်း သိကြောင်းစရာများ

ဒီနေ့မှာတို့ ညီမတို့ Life Myanmar Page ရဲ့ Health Knowledge အစီစဉ်လေးအဖြစ် ခြေစွယ်ငုပ်ခြင်းအကြောင်းကို ဆွေးနွေးတင်ဆက်ပေးသွားပါမယ်ရှင့်။

ree

မိတ်ဆွေတို့အနေနဲ့ ခြေစွယ် လက်စွယ်ငုပ်​ခြင်းဆိုတာဟာ ခြေသည်း လက်သည်း တွေနဲ့ပတ်သက်ပြီး အဖြစ်များတဲ့ ပြဿနာပဲဖြစ်ပါတယ်။ ဘာကြောင့် ဒီပြဿနာဖြစ်ရတာလဲဆိုတော့ မိတ်ဆွေတို့ရဲ့ ခြေသည်း လက်သည်းတွေဟာ အပြင်ကို ရှည်လာရမယ့်အစား အတွင်းထဲမှာပဲ ရှည်​ပြီး ဖုံးထားတဲ့ ​အသားစထိပ်ပိုင်းနဲ့ သွားထိုးမိတဲ့အခါ ခြေစွယ်လက်စွယ်ငုပ်ခြင်း ဆိုတာမျိုးဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ လက်သည်းရော ခြေသည်းရောမှာ ဖြစ်နိုင်ပေမယ့် ခြေသည်း (အထူးသဖြင့် ခြေမ) မှာ ဖြစ်တာ ပိုများပါတယ်။


ဒီတော့ မိတ်ဆွေတို့ဟာ ခြေစွယ် လက်စွယ်စငုပ်ပြီဟေ့ဆိုရင် ဘယ်လိုသိနိုင်မလဲ?


  • ခြေသည်း လက်သည်းတွေရဲ့ ငုပ်တဲ့ဖက်မှာ နာလာတာ / အထိမခံနိုင်တာ ဖြစ်တတ်ပါတယ်။

  • ခြေထိပ်လက်ထိပ်တွေဟာ နီနေမယ်။

  • ရောင်ပြီး ဖောင်းတ​က်လာမယ်

  • ပိုးဝင်သွားပြီဆိုရင်တော့ ဖြစ်တဲ့ ခြေသည်း လက်သည်းတွေကနေ ပြည်တည်လာမယ်။

  • ပေါက်ပြဲပြီး သွေးထွက်လာမယ်။

  • တဆစ်ဆစ်နဲ့ နာလာမယ်။

  • အနာ​ကြီးရင် ဖျားနာခြင်းတွေပါ ဖြစ်လာနိုင်ပါတယ်။


ဒီတော့ ဘာကြောင့်မိတ်ဆွေတို့အနေနဲ့ ခြေစွယ်လက်စွယ်ငုတ်တာမျိုးတွေ ဖြစ်စေနိုင်တာလဲဆိုတော့


  • ခြေချောင်း၊ လက်ချောင်းလေးတွေကို တစ်ခုခုနဲ့ အားပြင်းပြင်းတိုက်မိတာ

  • ခြေသည်းလက်သည်းတွေကို အတွင်းနှိုက်ညှပ်တာ

  • ခြေသည်းလက်သည်းတွေကိုလေးထောင့်ကျကျခပ်တိုတိုညှပ်တာ

  • ဖိနပ်ကျပ်ကျပ်တွေဝတ်တာ

  • ခြေဗလာနဲ့ပြေးလွှားဆော့တာတွေ အစရှိတာတွေကြောင့် ခြေစွယ် လက်စွယ်ငုတ်တာမျိုး ဖြစ်လာတတ်ပါတယ်။


ဆိုတော့ ခြေစွယ် လက်စွယ်ငုတ်ပြီဆိုရင် အိမ်တွင်းမှာပဲ ဘယ်လိုကုသမလဲ ဆိုတာလေးကိုဆက်လက် တင်ဆက်ပေးပါမယ်နော်။


ရေနွေးစိမ်ပေးခြင်း

ခြေစွယ်လက်စွယ်ငုတ်နေတဲ့ လက်ချောင်း၊ ခြေချောင်းလေးတွေကိုရေနွေးထဲမှာ ၁၅ မိနစ် ကနေ မိနစ် ၂၀လောက် တစ်နေ့ကို ၄ ကြိမ် စိမ်ပေးခြင်းဟာ နီမြန်းရောင်ရမ်းတာကိုလျော့ပါးသက်သာစေနိုင်ပါတယ်။


ရေနွေးစိမ်ပြီးတဲ့နောက် အသားလေးအနည်းငယ်ပွလာပြီး ငုပ်နေတဲ့ အစွယ်လေးမြင်ရလောက်တယ်ဆိုရင်တော့ အစွယ်ရဲ့အောက်လေးမှာ ဂွမ်းစလေး ခံပေးပါ။ ဂွမ်းစလေးခံထားတဲ့အတွက် အစွယ်လေးဟာ အထဲထဲကို မဝင်သွားတော့ဘဲ အပြင်ကို ထွက်လာတော့မှာမို့ ပိုးဝင်တာတွေ မဖြစ်တော့ဘူးပေါ့။


အနာသန့်စင်ဆေးရည် ဘီတာဒိုင်း(Betadine Antiseptic Solution) သို့မဟုတ် အနာသန့်စင်ဆေး ခရင်မ် ဘီတာဒိုင်း(Betadine Antiseptic Cream) တစ်ခုခုလူးပေးပြီး ပလာစတာ ဒါမှမဟုတ် ပိုးသတ်ထားတဲ့ ပတ်တီးစ ခပ်သန့်သန့်လေးနဲ့ ဖုံးအုပ်ထားပေးပါ။

အကိုက်အခဲပျောက် ရောင်ရမ်းကျဆေးတစ်မျိုးမျိုး (ဥပမာ- Ibuprofen, Paracetamol) တစ်ခုခုသောက်နိုင်ပါတယ်။

ဆေးရုံ၊ ဆေးခန်းတွင် ခွဲစိတ်ကုသမှု

အကယ်၍ ခြေစွယ်ငုပ်ရာကနေ မိတ်ဆွေတို့ ကိုယ်တိုင် ဖြေရှင်းမနိုင်လောက်အောင် ဆိုးရွားပြင်းထန်လာရင်တော့ ဆေးရုံ၊ ဆေးခန်းသွားပြီး ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

တစ်ခါမှ မဖြစ်ဘူးတဲ့သူပဲဖြစ်ဖြစ်၊ ခဏခဏ ပြန်ဖြစ်လို့ နောက်ထပ် မဖြစ်အောင် ကာကွယ်ချင်တယ်ဆိုရင်တော့ ခြေသည်း လက်သည်းကို တည့်တည့် ညှပ်ပေးပါ။ ဝိုက်ပြီး မညှပ်ပါနဲ့။ ထောင့်တွေကို မညှပ်ပါနဲ့။ ခြေသည်း လက်သည်းတွေကို တိုလွန်းအောင် မညှပ်ပါနဲ့။

ထိပ်ပိတ်ဖိနပ် ကျပ်ကျပ်တွေကို အမြဲ မစီးပါနဲ့။ ခြေတွေ လက်တွေ ဒဏ်ရာ မရအောင် ဂရုစိုက်ပါ။

ဆီးချိုလိုမျိုး အာရုံကြောထိနိုင်တဲ့ ရောဂါတွေ ရှိနေရင်တော့ မိတ်ဆွေဟာ ခြေထောက်နာတာကို သိနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ခြေထိပ်လက်ထိပ် ​နီမြန်းလာပြီး ပြည်တည်လာပြီဆိုရင် ဆရာဝန်နဲ့သာပြသပေးပါ။


အခြေအနေအရမ်းကြီး မဆိုးရင်တော့ အပေါ်မှာဖော်ပြထားတဲ့အတိုင်း အိမ်မှာကုသခြင်းဟာ မိတ်ဆွေတို့အတွက် ကုန်ကျစရိတ်လဲသက်သာစေသလို တကယ်လဲ ထိရောက်ပါတယ်ရှင့်။ နောက်ပြီး အနာသန့်စင်ဆေးရည် / အနာသန့်စင်ဆေးခရင်မ် (Betadine Antiseptic Solution / Betadine Antiseptic Cream) ဟာဆိုရင် နေအိမ်တိုင်းမှာဆောင်ထားသင့်ပြီး အမြို့မြို့အနယ်နယ်မှာရှိတဲ့ ဆေးခန်း/ဆေးဆိုင်တိုင်းမှာ အဆင်ပြေလွယ်ကူစွာ ဝယ်ယူနိုင်ပါတယ်ရှင်။ အဆိုပါ အနာသန့်စင်ဆေး Betadine ဟာ ခြေစွယ် လက်စွယ်ငုတ်ခြင်းများအပြင် အခြားဒဏ်ရာ အနာတရ တစ်ခုခုဖြစ်ရင်လဲ အသုံးပြုနိုင်ပါသေးတယ်။


မိတ်ဆွေတို့အနေနဲ့ Betadine အနာသန့်စင်ဆေးနှင့် အခြားအိမ်မှာဆောင်ထားသင့်တဲ့ ဆေးပေါင်းစုံကို ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆက်သွယ်မှာယူလိုပါက မကြာမီ ညီမတို့ Life Myanmar Page လေးမှာ ဝန်ဆောင်မှုပေးတော့မယ့် Drug Store Service လေးကနေ ဈေးနှုန်းမှန်ကန်စွာနဲ့ ဝယ်ယူနိုင်ပါကြောင်း Life Myanmar Service ရဲ့ Customer များအားလုံးကို သတင်းကောင်းပါးလိုက်ပါတယ်ရှင့်။


သက်ရှည်ကျန်းမာ စိတ်ချမ်းသာ၍ ပျော်ရွှင်သုခရနိုင်ကြပါစေ။

 
 
 

Comments


Monday -  Friday     8:00 am - 8:00 pm
Saturday                   9:00 am - 7:00 pm
Sunday                      Closed

  • w-facebook

© 2022 Life Myanmar.

+95 9 963 282 425

LIfe Myanamr

bottom of page