top of page
Search

အပူလောင်ခြင်း ရေနွေးပူလောင်ခြင်း မီးလောင်ခြင်း (Burn & Scald)

ဒီနေ့မှာ ညီမတို့ Life Myanmar - Live Healthy Page ကနေ Health Knowledge အဖြစ် အပူလောင်ခြင်းနဲ့ ပတ်သက်ပြီး Degree 4 ခု ခွဲကာ အသေးစိတ်လေးရှင်းပြပေးပါမယ်ရှင့်။

ree

1st Degree

ယခုလို အပူလောင်ခြင်းအဆင့်မှာတော့ အပေါ်ယံအလွှာပဲထိတာဖြစ်တဲ့အတွက်ကြောင့် မိတ်ဆွေတို့ဟာ အရေပြားရောင်ရမ်းပြီး နာကျဥ်တဲ့ဝေသနာကိုခံစားနေရမှာပါ။ သို့ပေမယ့် အရည်ကြည်ဖုမထတဲ့အတွက် အရေပြားဟာ ခြောက်နေပါလိမ့်မယ် ။ ( ၂ရက် ကနေ ၅ရက်အတွင်း ပြန်ကောင်းလာနိုင်ပါတယ်ရှင်။ )


2nd Degree

ဒီလိုအပူလောင်ခြင်းမျိုးကတော့ မိတ်ဆွေတို့ရဲ့ အရေပြား ၂လွှာကို ထိခိုက်မိသွားတဲ့အတွက် အနာဟာစိုနေပြီး အရည်ကြည်ဖု ထလာပါလိမ့်မယ်။ ( ၂ပတ် ကနေ ၃ပတ်အတွင်းမှာ ပြန်ကောင်းနိုင်ပါတယ်။ )


3rd Degree

ယခုကဲ့သို့ အရေပြားအားလုံးကို ထိခိုက်မိတဲ့ အပူလောင်ခြင်းမျိုးဟာဆိုရင်တော့ လွန်စွာသတိထားသင့်ပါတယ်နော်။ ဒီအခြေအနေမျိုးမှာ မိတ်ဆွေတို့ အပူလောင်တဲ့ ဒဏ်ရာဟာ အရောင်ဖျော့နေမယ် ၊ မဲ (ဒါမှမဟုတ်) ဖြူနေပါလိမ့်မယ်။ အာရုံကြောဖုကို ထိခိုက်သွားနိုင်တဲ့အတွက် နာကျဥ်မှုမရှိဘူးဆိုရင်တော့ စိုးရိမ်ရပါတယ်ရှင့်။


4th Degree

ဒီလိုမျိုး အပူလောင်ခြင်းမျိုးဟာ အဆိုးဆုံး အဆင့်ဖြစ်ပြီး အရေပြား အလွှာ အားလုံးအပြင် ကြွက်သားနဲ့ အရိုးထိပါ လောင်ကျွမ်း သွားခြင်းမျိုးဖြစ်တဲ့အတွက်ကြောင့် အခန့်မသင့်ရင် အသက်အန္တရာယ်ပါထိခိုက်နိုင်ပါတယ်။


ဆိုတော့ အပူလောင်ခြင်းဝေသနာကို ခံစားရပြီဆိုရင် ဘယ်လိုအခြေအနေတွေမှာ ဆေးရုံဆေးခန်းသို့ သွားသင့်လဲ?

  • အပူလောင်တဲ့ နေရာဟာ မျက်နှာ ၊ လက် ၊ မျိုးပွား အဂ်ါဖြစ်နေရင် ၊

  • ဒဏ်ရာ အကျယ်အဝန်းက လက်တဖဝါးစာထက် များနေရင် ၊

  • လည်ပင်းနဲ့ အသက်ရှူလမ်းကြောင်း တဝိုက် အပူလောင်ရင် ၊

  • အပူလောင်ခြင်းနှင့်အတူ အခြားထိခိုက် ဒဏ်ရာတွေ ရရင်

ဖော်ပြပါ အခြေအနေတစ်ခုခုကို ရောက်ရှိနေပြီဆိုရင်တော့ မိတ်ဆွေတို့အနေနဲ့ ဆေးရုံဆေးခန်းကို အမြန်ဆုံးသွားရောက်ပြီး ဆရာဝန်ထံပြသင့်ပါတယ်။


ဆက်လက်ပြီး အရေးပေါ် ကုသခြင်း(First Aid)နဲ့ မှားယွင်းတဲ့ အယူအဆဆေးမှီးတိုများအကြောင်းကို ရှင်းပြပေးပါမယ်။


အပူလောင်ခြင်းဝေသနာကို ခံစားရတဲ့သူတော်တော်များများဟာ ဒဏ်ရာတစ်ဝိုက်ကို ငံပြာရည်တွေ၊ သွားတိုက်ဆေးတွေထည့်ကာ ဝေသနာကို သက်သာလိုသက်သာငြား လုပ်တတ်ကြပါတယ်။ ရေနွေးပူလောင်တာဖြစ်ဖြစ်၊ မီးလောင်တာဖြစ်ဖြစ် ဆေးရုံဆေးခန်း ရောက်လာရင် အရင်ဆုံးလုပ်ရတာက ငံပြာရည်တွေ၊ သွားတိုက်ဆေးတွေကို အရင်စင်အောင်ဆေးပေးရတာပါ။ ရေနွေးပူလောင်တဲ့နေရာကို သွားတိုက်ဆေးတွေ လိမ်းလာတော့ ခြောက်နေတဲ့ သွားတိုက်ဆေးတွေကို

သန့်ရှင်းရေးလုပ်ရတဲ့အခါ အရေပြားတွေပေါက်ကုန်တတ်ပါတယ်။

အပူလောင်ရင် သွားတိုက်ဆေးလေး အုံထားလိုက်ပြောလေ့ရှိသူများအတွက် သွားတိုက်ဆေးဆိုတာက သွားတွေကိုတောင် ဖြူအောင်လုပ်နိုင်တဲ့ chemicals တွေပါတာကြောင့် အနာကိုထပ်ပြီး ပိုလောင်သွားစေနိုင်ပါတယ်။ သက်သာသွားမျိုးမဟုတ်ပါဘူးရှင့်။ မီးလောင်လို့ အရေပြားတော့မရှိတဲ့နေရာကို ငံပြာရည်လောင်းမယ်ဆိုရင် ငံပြာရည်ဆိုတာဟာ အပုတ်အငန်ဖြစ်တဲ့အတွက် ပိုးတွေကြိုက်ကြပါတယ်၊ အဲ့ဒါအပြင် ယင်ကောင်လည်းနားပြီး ဥ ဥ တတ်ပါတယ်။ ဘယ်လောက်ပဲဆေးဆေး ရေချိုးသလို ဆပ်ပြာတိုက် ၊ ဂျီးတွန်း အဲ့လိုဆေးထားတာမဟုတ်တော့ အကြွင်းအကျန်တွေကနေ လောက်ကောင်တွေပါ ပေါက်လာတတ်ပါတယ်။


အဲ့တော့ First aid အနေနဲ့ မီးလောင်ပြီ အပူလောင်ပါပြီတဲ့ ဘာလုပ်ကြမလဲ?

  • အပူလောင်တဲ့ ဒဏ်ရာကို ရေအေးလေးနဲ့ ၁၅~၂၀မိနစ် စိမ်ထားပေးပါ။ စီးဆင်းနေတဲ့ ရေပိုက်ခေါင်းအောက်မှာ ထားလည်း ရပါတယ်။ (ရေခဲတုံး ရေခဲရေတွေကိုတော့ အသုံမပြုလိုက်ပါနဲ့နော်။)

  • ဒဏ်ရာပေါ်က အဝတ်အစားများကို ချွတ်ပေးပါ။ အပူလောင်ဒဏ်ရာနဲ့ ကပ်နေရင် အတင်းဆွဲ မချွတ်လိုက်ပါနဲ့ရှင့်။

  • ဒဏ်ရာကို ပိုးသတ်ထားသော ပတ်တီးစ (ဒါမှမဟုတ်) အဝတ်သန့်သန့်နဲ့ စည်းနှောင်ပေးပါ။

  • အပူလောင်တဲ့နေရာဟာ လက်တို့ ခြေတို့ ဖြစ်မယ်ဆိုရင်တော့ မြှောက်ထားပေးပါ။

  • အရမ်းနာကျဥ်ရင် Paracetamol ကဲ့သို့သော ဆေးကိုသောက်နိုင်ပါတယ်ရှင့်။

  • အရည်ကြည်ဖု ဖြစ်ရင် လုံးဝမဖောက်လိုက်ပါနဲ့နော်။


အကောင်းဆုံးကတော့

Silverderm ကဲ့သို့ ဆေးမျိုးကို လိမ်းပေးထားနိုင်ပါတယ်ရှင့်။

(Silverderm ဆေးလေးဟာ အပူလောင်ဒဏ်ရာပေါ်လိမ်းရင် အလွှာပါးလေးလိုမျိုး ဖြစ်သွားပြီး ပြင်ပ ပိုးမွှားတွေမဝင်အောင်လည်း ကာကွယ်ပေးထားပါတယ်။)

သတိပြုရန် - နောက်တစ်ကြိမ် ထပ်လိမ်းမယ် ဆိုရင်တော့ ပထမတစ်ကြိမ် လိမ်းထားတဲ့ ဆေးအကျန်တွေကို ဖယ်ရှားပြီးမှ ထပ်လိမ်းပေးပါ။

ဒဏ်ရာကြီးရင်တော့ ဘာမှမလိမ်းပေးဘဲ ပတ်တီးစီးပြီး ဆေးရုံဆေးခန်းသို့ အမြန်သွား၍ ဆရာဝန်နဲ့ပြကာ ကုသမှုခံယူသင့်ပါတယ်ရှင့်။


အပူလောင်ခြင်း ရေနွေးပူလောင်ခြင်း မီးလောင်ခြင်း အစရှိတဲ့ ဝေသနာအတွက် Silverderm ဆေးလေးကို အမြို့မြို့အနယ်နယ်ရှိ ဆေးဆိုင်/ဆေးခန်းတွေကနေ ဝယ်ကူကာ ဆောင်ထားသင့်ပါတယ်ရှင့်။ ဆေးဆိုင်တွေမှာ ဆေးလက်ကျန်ကုန်နေတယ်ဆိုရင်တော့ မကြာမီ ညီမတို့ Life Myanmar Page လေးမှာ ဝန်ဆောင်မှုပေးတော့မယ့် Drug Store Service လေးကနေ ဈေးနှုန်းမှန်ကန်စွာနဲ့ ဝယ်ယူနိုင်ပါကြောင်း Life Myanmar Service ရဲ့ Customer များကို သတင်းကောင်းပါးလိုက်ပါတယ်ရှင့်။


သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ။


 
 
 

Comments


Monday -  Friday     8:00 am - 8:00 pm
Saturday                   9:00 am - 7:00 pm
Sunday                      Closed

  • w-facebook

© 2022 Life Myanmar.

+95 9 963 282 425

LIfe Myanamr

bottom of page